နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံသိုရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က မေလ ၃၀ရက် ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ပင်လုံရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်ဂါဝရပြုတွေ့ဆုံ၍ မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပချိန်တွင် လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် ပေးသွားမည့်ကိစ္စကို ဆွေးနွေးခဲ့တယ်လို နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။




