မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲရှိ အကြမ်းဖက်စခန်းကို လုံခြုံရေးတပ်ဖွဲများက သွားရောက်ရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ်ပြောင်း ၃ ခု၊ ၁၂ ဗို့ ကျည် ၂၄ တောင့်နှင့် ကျည်ခွံ ၃ ခု၊ လက်လုပ်သေနတ်ကျည်ပြုလုပ်ရန် ကော်ပိုက် ၇၉ ခု၊ လက်လုပ်ဘောသီး ၂၈၀ လုံး၊ ယမ်းမှုန့် ၇၅ ကျပ်သား ၁ ဘူး၊ စနက်တံ ၉၆ ခု၊ လက်လုပ်မိုင်း ဖြူ့စ် ၄၀ ခု၊ လက်လုပ် ယမ်းမှုန့် ၆ ပိဿာ ၂ ပုံး၊ ဒူးလေး ၂ လက်၊ ၂လက်မ သံပိုက် ၁၁ ခု၊ ဆိုလာပြား ၁ ချပ်နှင့်ဆေးမျိုးစုံ ၁ ထုပ်တို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။





