ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို၊ အုတ်ဖိုကျုံးကျေးရွာတွင် တပ်မတော်ထောက်ခံသူများက တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ထောက်ခံပွဲတွင် “အမေရိကန်၏ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆိုမှုများအား ကန့်ကွက်ရှံချပါသည်” ၊ “မြန်မာ့တပ်မတော်အား အားပေးထောက်ခံပါသည်” စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။