စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ (၁၉)လမ်းထိပ်အနီးမှာ ယနေ့ (မေလ ၂၉ ရက်) မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်ခန့်က ဆိုင်ကယ်ထဲထည့်ပြီး သယ်လာတဲ့မိုင်း ရုတ်တရက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်သမား အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ အခုလိုမျိုးလက်လုပ်မိုင်းကွဲပြီးသေဆုံးတဲ့ဖြစ်စဉ်တွေလည်း ခဏခဏဖြစ်နေကြောင်းသိရပါတယ်။
