အောင်လံမြို့၌နေထိုင်သည့် အသက်သုံးနှစ်အရွယ် မိန်းကလေးသည် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် နံနက် ၉ နာရီတွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထော်လာဂျီနှင့် တိုက်မိသောကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားသည့်ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံ အောင်လံမြို့မှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့ညနေ ၄ နာရီတွင် ရောက်ရှိလာခဲ့ရာ အဆိုပါကလေးငယ်၏ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို မေလ ၂၆ ရက် ညနေ ၅ နာရီမှစတင်ခဲ့ပြီး ည ၁၀ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါတယ်။
