ယိုးဒယားသင်္ဘောသီးထောင်းချိုချဥ်ငံစပ်စပ်လေးပြုလုပ်နည်းပါ၀င်ပစ္စည်းများ
.သင်္ဘောသီးစိမ်းအနေတော်တလုံး
.ပုဇွန်ခြောက်အကောင်၂၀ခန့်
မြေပဲလှော်အစေ့၂၀ခန့်
ငရုတ်သီးစိမ်း၇တောင့်ခန့်အစပ်ကြိုက်လျှင်ပိုထည့်ပါ
ထန်းလျှက်ခဲကွမ်းသီးဆံအလုံးလောက်၃ခဲ
ကြက်သွန်ဖြူအမွှာကြီးကြီး၄မွှာ
ဆားလက်ဖက်ရည်ဇွန်းတ၀က်သာသာ
ပဲတောင့်ရှည်၃တောင့်
ခရမ်းချဉ်သီးခပ်ကြီးကြီးတလုံး
သံပုရာသီးတခြမ်း
ပြင်ဆင်ပုံသင်္ဘောသီးကိုအခွံခွာပြီးအမြှောင်းရှည်ရှည်လေးတွေရအောင်ခြစ်ထားပါ
ခြစ်ပြီးသောသင်္ဘောသီးများကိုသင်္ဘောသီးအစိမ်းနံ့မနံအောင်ရေများများနဲ့ဆေးပြီးရေစစ်ထားပါ
ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ
မြေပဲလှော်ကို မညက်တညက်ထောင်းပြီးဖယ်ထားပါ
ငရုတ်ဆုံခပ်ကြီးကြီးထဲမှာပုဇွန်ခြောက်ကိုမညက်တညက်ထည့်ထောင်းပါ
ငရုတ်သီးစိမ်းကိုမညက်တညက် ရောထောင်းပါ
ကြက်သွန်ဖြူကိုမညက်တညက်ရောထောင်းပါ
ထန်းလျှက်ခဲကိုညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကိုထည့်ထောင်းပါ
ထောင်းသောကျည်ပွေ့ပေါ် မူတည်ပြီးသင်္ဘောသီးကိုကြည့်ထောင်းပါ
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက်အချက်၂၀လောက်ထောင်းရင်ရပါပြီ
သစ်သားကျည်ပွေ့ဆိုပါကအချက်၁၀၀ လောက်ထောင်းပေးမှအရသာ၀င်ပါတယ်
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီးဆားပါနည်းနည်းခြင်းဆီထည့်ပေးပါ
သင်္ဘောသီးထောင်းပြီးပါကပဲတောင့်ရှည်ရှိရင်ချိုးထည့်ပြီး၅ချက်လောက်ထောင်းပေးပါခ
ရမ်းချဉ်သီးကိုလဲထည့်ပြီး၅ချက်လောက်ထောင်းပေးပြီးရင်ရပါပြီ
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရောအဖတ်များပါ သွန်ချပြီး မြေပဲထောင်းဖြူးပေးကာပြင်ဆင်ရပါမယ်