မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုရှိ (၂၃၀)ကေဗွီ ပင်မဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့်ကျွမ်းကျင် လုပ်သားများဖြင့် မေလ (၁၅)ရက်နေ့မှစတင်၍ နေ့မအား ညမအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေလ ၂၅ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်းသိရပါတယ်။

