မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှလှူဒါန်းသည့် “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများ၌အသုံးပြုရန် ယွမ် ၁ သိန်းတန်ဖိုးရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများအား သံရုံးတာဝန်ခံ Mr. Jia Junjie က မေလ ၂၀ ရက်နေ့တွင် လွှဲပြောင်းလှူဒါန်းရာ နစကဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရပါတယ်။

