ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှေ့သို့ချီပါတီ( Move Forward Party)သည် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာပြီးနောက် ၃ ရက်အကြာ မေလ ၁၇ ရက်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်အတွက် အခြားပါတီ ၅ ခုနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရသစ်ကို လာမည့်ဇူလိုင်လတွင်ဖွဲ့စည်းမည်ဖြစ်ရာ ရွေးကောက်ခံအောက်လွှတ်တော်နှင့်ခန့်အပ်ခံအထက်လွှတ်တော်နှစ်ရပ်ပေါင်း၍ ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ကြမည်ဖြစ်ပါတယ်။ Move Forward ပါတီအနေဖြင့်လည်း ထိုင်းဘုရင်စနစ်ကိုအကြည်အညိုပျက်စေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ထိုင်းတော်ဝင်မိသားစု အကာအကွယ်ပေးရေးဥပဒေကို ပြင်ဆင်ရန် အဆိုပြုထားပါတယ်။ ဒါကြောင့် အထက်လွှတ်တော်အမတ်များက ၎င်းတို့အနေဖြင့် .ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအန်ရတ်(Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးမည်မဟုတ်ဟု ရွေးကောက်ပွဲအနိုင်ရလဒ်ထွက်ပေါ်လာပြီးနောက် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါတယ်။
Related Posts
ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူညီခဲ့
- ရှင်ယွန်း
- November 16, 2023
အမေရိကန် သမ္မတ Biden နှင့် တရုတ်သမ္မတ Xi Jinping တို့သည် ဗုဒ္ဓဟူးနေ့တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော APEC ထိပ်သီးအစည်းအဝေးတွင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် […]
တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား
- admin
- September 23, 2024
ရန်လိုသည့် တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်က သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ ခေါင်းဆောင်များကို စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့ပြီး ထိုသိုပြောကြားချိန်တွင် မိုက်ဖွင့်ထားသည်ကို […]
တားမြစ်ခံထားရတဲ့ နျူကလီးယားစွမ်းရည်ရှိတဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုကို ရုရှား ပြန်လည်စတင်တော့မယ်
- အေးခင်
- July 1, 2024
မေရိကန်နိုင်ငံက ဥရောပနဲ့အာရှတို့မှာ နျူကလီးယားစွမ်းရည်ရှိတဲ့ မြေပြင်အခြေ စိုက်ဒုံးကျည်တွေ ဖြန့်ကျက်ချထားခဲ့တာကြောင့် ရုရှားနိုင်ငံက နျူကလီးယားစွမ်းရည်ရှိတဲ့ တာတိုနဲ့ တာလတ်ပစ် မြေပြင်အခြေစိုက်ဒုံးကျည်တွေ ထုတ်လုပ်မှုကို ပြန်လည်စတင်တော့မယ်လို့ ရုရှားသမ္မတပူတင်က ဇွန်လ(၂၈)ရက်နေ့မှာ […]