ရခိုင်ပြည်နယ်မှ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေများအစဉ်ပြေစွာရရှိစေရန် ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာကံကြီးသျှင် ဘုရားရှေ့တွင် တပ်မတော်သုံးရေသန့်ယာဥ်မှ သောက်သုံး ရေသန့်ပေးဝေလှူဒါန်းလျက်ရှိကြောင်းသိရပါတယ်။
အလားတူ မေလ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်ပြည်နယ် မုန်းတိုင်းသင့် ပြည်သူများအတွက် ဘဲဥ အလုံးရေ တစ်သိန်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပေးပိုလှူဒါန်းခဲ့ကြောင်းသိရပါတယ်။



