ယနေ့ မေလ ၁၈ ရက်နေ့မှစ၍ ရန်ကုန် – စစ်တွေ – ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတိုမှ ပြေးဆွဲပေးလျက်ရှိပါတယ်။ ထိုပြင် ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။

