

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စည်သာကျေးရွာနဲ့ မာန်အောင်ကျေးရွာတိုမှာ ရာသီဥတုဒဏ်ကြောင့် နွားအကောင်ရေ ၆၀ ဝန်းကျင် အအေးမိသေဆုံးတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ့် ဒေသခံဆိုင်ရာသတင်းတွေအရ သိရပါတယ်။
နွေရာသီတလျှောက်လုံး ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ခံထားရတဲ့ အဲဒီနွားတွေဟာ မိုခါမုန်တိုင်းကြောင့် မိုးမိခဲ့ရာကနေ အပူအအေး မမျှတခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပြီး သေဆုံးမှုထပ်မံမြှင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။