ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ကူညီကယ်ဆယ်ရေးအင်အား ၄၁၈ ဦးနဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ အဖွဲ့လိုက်ခွဲ၍ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။




