မေလ ၁၆ ရက် မြန်မာစံတော်ချိန်ည ၇ နာရီအချိန်တွင် ကစားခဲ့သော (၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းအား ၅ ဂိုး၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဗိုလ်လုပွဲဖြစ်တာနဲ့အညီ အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ အထိ တစ်ဖက် ၂ ဂိုးစီနဲ့ သရေဖြစ်နေခဲ့ပြီး အချိန်ပိုကျမှ အင်ဒိုအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

