ရန်ကုန်တိုင်းဒေသကြီး လှိုင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြိုသစ်၊ သံလျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ စတဲ့ မြိုနယ်တွေမှာ မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေလဲကျခဲ့တာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတသမားတွေက ဖယ်ရှားရှင်းလင်းပေးနေကြောင်းသိရပါတယ်။
သဘာဝဘေးအန္တရာယ်တွေကျရောက်လာခဲ့ရင် အခုလိုမျိုး တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကူညီပေးတဲ့ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကတော့ တကယ့်ကို လေးစားဂုဏ်ယူစရာပါပဲ…



