ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေ၊ ကိုးကိုးကျွန်းမြိုများ၌ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရပါတယ်။ မုန်တိုင်းဒဏ်သင့်ခံရတဲ့နေရာတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေ ဌာနဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေ လုံခြုံရေးအဖွဲ့တွေသွားရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရပါတယ်။




