နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်မှ မိုခါမုန်တိုင်းမဖြစ်ခင်ကာလမှာလည်း အစည်းအဝေးခေါ်ယူပြီး ကယ်ဆယ်ရေးအတွက်ကြိုတင်ဆောင်ရွက်မှုလည်းပြုလုပ်ခဲ့ပြီး မုန်တိုင်းဝင်ရောက်မည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ပါတယ်။ ယခုမုန်တိုင်းအလွန်ကာလအတွက် လိုအပ်သည့်အကူအညီများနဲ့ မမျှော်မှန်းနိုင်တဲ့ ကိစ္စများအတွက် ပြင်ဆင်ဆောင်ရွက်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
