မြန်မာ့တပ်မတော်က ဘင်္ဂါလီတွေကို လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ICJ မှာ တရားစွဲဆိုထားတာအားလုံး သိမှာပါ…
မြန်မာ့တပ်မတော်က ဘင်္ဂါလီတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မလုပ်ကြောင်းနဲ့ ခိုးဝင်ဘင်္ဂါလီတွေကို ဥပဒေအရသာ တားမြစ်ခြင်းဖြစ်ကြောင်း အမြဲဖြေရှင်းနေရပါတယ်…
ဘင်္ဂါလီတွေကို လူမျိုးတုန်း သတ်ဖြတ်ခြင်းမလုပ်ကြောင်း အကောင်းဆုံး သက်သေပြချက်တစ်ခုကို မိုခါမုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများမှာ မြင်တွေ့နေရပါတယ်..
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရာမှာ မြန်မာတပ်မတော်သားများက လူမျိုး၊ ဘာသာမခွဲမခြားပဲ နိုင်ငံသားအားလုံးကို ဘေးအန္တရာယ်ကင်းတဲ့နေရာများကို ရွှေ့ပြောင်းပေးနေတဲ့ ပုံရိပ်တွေကို မုန်တိုင်းမတိုင်မီကာလနဲ့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်တဲ့ ကာလတွေမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်..
အထူးသဖြင့် တပ်မတော်သားများနဲ့ တာဝန်ရှိသူများက ဘင်္ဂါလီလူမျိုးတွေကို ကယ်ဆယ်စောင့်ရှောက်မှုလုပ်ပေးနေတာ OIC နိုင်ငံတွေ မြင်တွေ့ကြားသိစေချင်လှပါတယ်….








