အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၅)ဒီဂရီတွင် ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၅၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၁၁၅)မိုင်မှ (၁၂၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။ (မိုး/ဇလ) ည ၇ နာရီထုတ်ပြန်ချက်
