ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို မုန်တိုင်းခိုလှုံရာ နေရာများရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထိုသို့ထောက်ပံ့ပေးရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ဒေသအသီးသီးတို့မှ ခေတ္တခိုလှုံရန်ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၊ ပညာပါရမီပရိယတ္တိစာသင်တိုက်၊ ဂူဝဘုရားဓမ္မာရုံ စသည့်နေရာများတွင် လူဦးရေ(၆၃၁)ဦးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၂၄)အိတ်၊ ဆီ(၄၀)ပိသာ၊ ငပိ(၆)ပိသာ၊ ဆား(၁၂)ပိသာနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော မာမီးခေါက်ဆွဲ အထုတ်(၃၀)ပါ ခေါက်ဆွဲခြောက်(၁၉)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ် နေထိုင်ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။