ယမန်နေ့( မေ ၁၂)နံနက် ၆နာရီခွဲအချိန်က ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဦးချစ်စံ(၅၈)နှစ် ရဲနွယ်ရေအား လျှပ်စစ်(နေ့စား ဝန်ထမ်း) မြို့ချောင်းကျေးရွာနေသူမှ ရဲနွယ်ဆည်အခြေပြု လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ခမရ(၃၀၇) ထံ ရဲနွယ်ဆည်အတွင်းပေါက်ကွဲသံကြားရကြောင်း အကြောင်း ကြားချက်အရ ပူးပေါင်းလုံခြုံရေးအဖွဲ့က ပေါက်ကွဲသံကြားရာနေရာသို့ ခန့်မှန်းရှာဖွေခဲ့ရာ ကျောက်တံခါးမြို့နယ်၏ အနောက် ဘက် ၁၀ မိုင်ခန့်၊ မြို့ချောင်းကျေးရွာတစ်ဝိုက်တွင် တောမီးလောင်ကျွမ်းနေသော တောင်ကုန်းမှ မီးလောင်ပျက်စီးနေသော LUGER ပစ္စတို ၁ လက်၊ M 22 ၂ လက်၊ AR 15 ကျည်အိမ် တပ်လျှက် ၁ လက်၊ M4 ကာဘိုင် ကျည်အိမ်တပ်လျက် ၁ လက်၊ M 16 သေနတ် ၂ လက်၊ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ကျည်အိမ်အရှည် ၆ ခု၊ ကျည်အိမ်အတို ၁ ခု၊ M 22 ကျည် ၇ တောင့် ရှာဖွေတွေ့ရှိခဲ့သဖြင့် လက်နက်/ခဲယမ်းများတွေ့ရှိသည့် အနီးတစ်ဝိုက်သို့ ပူးပေါင်းအဖွဲ့က အသေး စိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
Related Posts
အသက်ဝင်လာတဲ့ပြည်သူ့လုံခြုံရေးစနစ်က အကြမ်းဖက်များအတွက် အိမ်မက်ဆိုးဖြစ်လာ
- admin
- November 20, 2024
အကြမ်းဖက်မှုကို မလိုလားသော ပြည်သူအချို့၏ လျှို့ဝှက်သတင်းပေးမှုအရ သတင်းအတိအကျရရှိ၍ နိုဝင်ဘာ ၁၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာ၊ ရွှေမြင်တင်ဘုရားစောင်းတန်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား ရှင်းလင်းစဉ် PDF […]
PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး
- ပုည
- March 29, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်း အနီး၌ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း […]
ခရီးသည်ယာဥ်ကို KNU နဲ့ PDF တွေ မိုင်းခွဲတိုက်ခိုက်လို နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ
- admin
- September 3, 2024
KNU နဲ့ PDF တွေ ကြီးစိုးထားပြီး ည ၈ နာရီကျော်လို ကားသံကြားရင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလေ့ရှိတဲ့ သထုံမြိုနယ်၊ ကမာဆိုင်ရွာအနီးမှာ ဒရိုင်ဘညအပါအဝင် လူ ၁၃ […]