လောကကြီးကိုက
လူပေါင်းစုံနဲ့
နေထိုင်ကြတာဆိုတော့
အဆိုးဖန်တီးသူရှိသလို
အကောင်းဖန်တီးသူလည်း
ရှိမှာပဲလေ ။
အကျိုးလိုလားသူရှိသလို
အကျိုးမလိုလားသူလဲ
ရှိနေမှာပဲလေ ။
ကိုယ်က မှန်နေအုံး
ကိုယ်ကကောင်းနေအုံးတောင်မှ
အမှန်နှင့်အကောင်းကို
မနှစ်သက်သူတွေကတော့
နေရာတိုင်းမှာရှိနေမှာပဲ ။
ဘာပဲဖြစ်ဖြစ်ပါ
လူဆိုတာက ကိုယ့်သိက္ခာ
ကိုယ့်ကိုယ်ကျင့်တရားနဲ့ပဲ
ရှင်သန်နေကြရတာမလား ။
သူများက နှဲ့လာတိုင်းလည်း
ကိုယ်ကယိုင်သွားစရာမလိုပါဘူး။
သူများ ဖဲ့လာတိုင်းလည်း
ကိုယ်က ပါသွားစရာမလိုပါဘူး ။
ကိုယ့်အကြောင်းကံနှင့်ကိုယ်
သူအကြောင်းကံနှင့်သူပဲလေ ။
ကိုယ်ဆွဲထူလည်း
သူကလိုက်ပြန်အုံးမှ
သူဆွဲတိုင်းလည်း ကိုယ်က
လိုက်ပါပြန်အုံးမှဖြစ်မှာပါ ။
ကိုယ်သာမလိုက်ရင်
ဆွဲသူသာမောသွားမယ်
ဘာမှဖြစ်နေစရာမလိုပါဘူး ။
ဒါကြောင့် သူများက
အဆိုးပြောတိုင်းလည်း
ကိုယ်က ဆိုးသွားတာ
မဟုတ်သလို ။
သူများကမကောင်းသတင်း
ပြောတိုင်းလည်း ကိုယ်က
မကောင်းတဲ့သူဖြစ်သွားတာ
မဟုတ်ပါဘူး ။
ကိုယ်ဆိုးနေတယ်ဆိုရင်
ဘယ်သူကမှ
ကောင်းတယ်ပြောပြော
အသုံးမဝင်နိုင်ပါဘူး ။
ကိုယ်ကောင်းနေတယ်ဆိုရင်
ဘယ်သူကမှ
ဆိုးတယ်ပြောပြော
အသုံးမဝင်နိုင်ပါဘူး ။
အဆိုးအကောင်းဆိုတာက
ကိုယ်က ဖန်တီးပြီး
လက်ခံယူမှ ဖြစ်တာပါ ။
🙏🙏🙏သာရ ဂေဝသီ🙏🙏🙏