မေလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ ရွာသားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ်ပါ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဖြစ်စဉ်တွင် အမျိုးသား ၅ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။
