အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုများအား ခုခံကာကွယ်နိုင်ရေးအတွက် $ ၁.၂ ဘီလီယံခန့်တန်ဖိုးရှိ ရေရှည်စစ်ရေးအကူအညီသစ်တစ်ရပ်ပေးပို့ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ အမေရိကန်အစိုးရအနေဖြင့် စစ်ရေးအကူအညီသစ်တွင်ပါဝင်မည့် စစ်လက်နက်ပစ္စည်းများအား မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာထောက်ပံ့မှုအား ယူကရိန်းလုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့ရေး ကနဦးအစီအစဉ်(Ukarine Security Assistance Initiative-USAI) အောက်မှ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးမှ မေလ ၈ ရက်တွင်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံအစိုးရအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလနောက်ပိုင်း ယူကရိန်းထံပေးအပ်ခဲ့တဲ့ ထောက်ပံ့မှုအနေဖြင့် ယခုစစ်ရေးအကူအညီသစ်အပါအဝင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံခန့်အထိ ရောက်ရှိလာပြီဖြစ်ကြောင်းသိရပါတယ်၊။

