မုန်တိုင်းသတင်းတွေနဲ့ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တစ်နာရီတစ်ကြိမ် အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပြီး မိဘပြည်သူတွေကို အသိပေးချက်များထုတ်ပြန်ပေးနေပါတယ်။ မိုးလေဝသအခြေအနေကိုလည်း မြဝတီရုပ်မြင်သံကြားနဲ့ MRTV တို့မှလည်း ထုတ်ပြန်ပေးနေပါတယ်။ ဒါကြောင့်မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ အခြေအနေမှန်ကို အမှန်အတိုင်းသိရှိကြဖို့ မိဘပြည်သူများအနေနဲ့ အွန်လိုင်းပေါ်က တစ်ခြားသတင်းတွေကို မယုံကြဖို့နဲ့ မိုးဇလက ထုတ်ပြန်ချက်တွေကိုပဲ ဂရုပြုကြဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်။

