ကောင်းတဲ့အလုပ်တွေဟာ
အကျိုးရလို့ လုပ်တာထက်
သူတော်ကောင်းတွေ
လျှောက်ကြတဲ့လမ်းဖြစ်လို့
မိမိတို့လုပ်သင့်တဲ့အရာပဲလို့
စိတ်ခံယူပြီးတော့
လိုက်လုပ်ကြဖို့ လိုပါတယ် ။
ကုသိုလ်ပြုကြရတာဟာ
ဘဝသံသရာမှာ
အဆင်ပြေဖို့ဆိုတာထက်
ဘဝခန္ဓာမှ လွတ်မြောက်ဖို့
ရည်ရွယ်စိတ်ထားတာက
ပိုမြတ်ပါတယ် ။
နိဗ္ဗာန်ကိုရည်မှန်းပြီးတော့
စေတနာပြဌာန်းလုပ်တယ်ဆိုရင်
မိမိကုသိုလ်ကံတွေဟာ
ဘဝဆုံးရာကိုမရအုံးတောင်မှ
ရောက်ရာဘဝမှာ
အကျိုးရနေမှာဖြစ်ပါတယ် ။
ဒါကြောင့်….ကုသိုလ်ပြုရခြင်းရဲ့
အဓိကရည်ရွယ်ချက်စိတ်ဟာ
နိဗ္ဗာန်သို့ဦးတည်သင့်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏