မေလ ၉ ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ဝိုင်းမော်မြို့တို့မှ အလင်းဝင်လာတဲ့ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးပြီးနောက် တာဝန်ရှိသူများကထောက်ပံ့ငွေများပေးအပ်ကာ မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်းသိရပါတယ်။
ဒါကြောင့် မေလ ၉ ရက်နေ့အထိ အလင်းဝင်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၈၃ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၅၁၆ ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။ နစကအစိုးရကလည်း အလင်းဝင်လာတဲ့သူတွေကို ပြစ်မှုရှိရင်တောင် ပြစ်မှုများဖြေလျော့ပေးမည့်အပြင် လက်နက်ပါလာရင် ဆုငွေများပါ ချီးမြှင့်ပေးမယ်ကြေညာထားလို့ အလင်းဝင်လာသူတွေ များနေကြောင်းသိပါတယ်။


