မေလ ၇ ရက်နေ့တွင် မြိတ်မြို့မှ မောတောင်သို့ မောင်းနှင်လာသော Nissan Navara ယာဉ်အား တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် လသာကျေးရွာကြားတွင် PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား ၁ ဦးသေဆုံးပြီး ကျား ၅ ဦးနှင့် မ ၁ ဦး ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၁၄ ဦးပါကြောင်း သိရပါတယ်။


