ကိုယ့်အနားရှိတုန်းလေးမှာ
လောကကြီးထဲမှာ
ဘယ်အရာပဲဖြစ်ဖြစ် မတည်မြဲဘူး။
အချိန်တန်ရင်
အလိုလိုပျောက်ကွယ်သွားတတ်တယ်။
ဒါကြောင့်
နောင်တတွေနဲ့
ရှင်သန်နေမယ့်အစား
အရွယ်မလွန်ခင် ကြိုးစားပါ ။
အနားမရှိမှ
သတိရနေမယ့်အစား
ကိုယ့်အနားရှိနေတုန်းလေးမှာ
တန်ဖိုးထားပါ ။
ဝေးသွားမှ
ဂရုစိုက်နေမယ့်အစား
ကိုယ့်အနားရှိနေတုန်းလေးမှာ
ဂရုစိုက်ပါ ။
ပျောက်ကွယ်သွားမှ
အမှတ်တရတွေနဲ့လွမ်းနေမယ့်
အစား
ကိုယ့် အနားရှိတုန်းလေးမှာ
မတျတောထားပါ ။
🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏