ယနေ့ နံနက်ပိုင်းအချိန် နေပြည်တော် အကယ်ဒမီပွဲကပြန်လာတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာသည် ကားပေါ်မှာ ရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူများထံက သိရပါတယ်။
မေလ ၆ရက်နေ့က နေပြည်တော် လဟာပြင်ကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပွဲသို့ တက်ရောက်ခဲ့တဲ့ ဦးအောင်သာသည် ယနေ့ မေလ ၇ရက်နေ့ နံနက် ၈နာရီခွဲအချိန်ခန့်က အပြန်လမ်း ကားပေါ်မှာ ထိုင်နေစဉ် ရုတ်တရက်သေဆုံးခဲ့တာဖြစ်ပါတယ်။
“မနက် ၈နာရီ ၂၀လောက်မှာ ဆုံးသွားတာပါ။ အတူတူစီးလာရင်းနဲ့ ကားပေါ်ထိုင်နေရင်း ဆုံးသွားတာပေါ့။ ရုတ်တရက်မေ့လဲတာတွေ၊ မနေ့ညပိုင်းက ဝမ်းသွားတာမျိုးတွေတော့ ရှိတယ်။ အခုတော့ ဘာဖြစ်လို့ဆုံးတယ်ဆိုတာ သေချာမသိသေးဘူး”လို့ နီးစပ်သူအနုပညာရှင်တစ်ဦးက ဆိုထားပါတယ်။


