အပေါင်းအသင်း ရွေးပေါင်းပါ
ရုပ်လှတဲ့သူထက်
စိတ်ထားလှတဲ့သူကို ရွေးပေါင်းပါ
အပြောကောင်းသူထက်
အမှန်ပြောသူကို ရွေးပေါင်းပါ
ရာထူးရှိတဲ့သူထက်
နှလုံးသားလှတဲ့သူကို ရွေးပေါင်းပါ
စည်းစိမ်ဥစ္စာရှိတဲ့သူထက်
ကိုယ်ချင်းစာစိတ်ရှိတဲ့သူကို ရွေးပေါင်းပါ
အလိုလိုက်သူထက်
ဆုံးမတဲ့သူကို ရွေးပေါင်းပါ
လူပေါင်းမှားလို့
ဘဝတိုးတတ်လာတဲ့သူဆိုတာ မရှိဘူး
လူပေါင်းမှားလို့
ဘဝပျက်စီးသွားတဲ့သူတွေပဲ ရှိတယ်
ဒါကြောင့်
လူပေါင်းမှားပြီး
လမ်းမှားမလျှောက်မိအောင်
အပေါင်းအသင်းကို ရွေးပေါင်းပါ ။
🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏