၄-၅-၂၀၂၃
Written by Tha Doe
စစ်တွေဆိပ်ကမ်း အပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများ ပါဝင်သည့် ကုလားတန်ဘက်စုံစီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းသည် လမ်းပန်းဆက်သွယ် ရေးခက်ခဲသော အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်း ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။
အဆိုပါ MV ITT Lion သင်္ဘော မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ရေကြောင်း ပြေးဆွဲမှုများ စတင်လုပ်ဆောင်ချိန်တွင် အိန္ဒိယ ဆိပ်ကမ်း ၊ သင်္ဘောနှင့် ရေကြောင်းသွားလာရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာမည်ဖြစ်ကာ မေလ ၉ ရက်နေ့တွင် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားပြီး စစ်တွေဆိပ်ကမ်းဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရနှင့် နီးစပ်သောသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
Myanmar #india #sittwe

