ရှမ်းပြည်နယ် (တောင်ပိုင်း) မှ PDF အဖွဲ့ဝင် ( အပြစ်မရှိသူ) အမျိုးသား ၉ ဦး လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်လာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ မေလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မှ PDF အဖွဲ့ဝင် ( အပြစ်မရှိသူ) အမျိုးသား ၉ ဦးအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခဲ့ရာ PDF အလင်းဝင်ရောက်လာသူများက ကာဘိုင် သေနတ် ၁ လက်၊ ကျည်အိမ်၊ ကျည်ဆံများ၊ လက်လုပ်မိုင်းမျိုးစုံနှင့် မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ယမ်းမျိုးစုံတို့ကိုဖော်ထုတ်ပေးအပ်ခဲ့ကြောင်းသိရပါတယ်.။