ရန်ကုန်တိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့်ကြွရောက်တော်မူလာသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲအား မေ ၂ ရက်ယနေ့ နံနက်အစောပိုင်းမှစတင်ကာ ပြည်သူ့ရင် ပြင်၌ ဆင်ယင်ကျင်းပခဲ့တဲ့ ပုံရိပ်တွေကို မြင်ရတာ အင်မတန်ကို ကြည်နူးဖို့ကောင်းပါတယ်..။ နိုင်ငံပိုင်ရုပ်သံလိုင်းတွေကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသတော့ သက်ကြီးအဖိုးအဖွားတွေအနေနဲ့လည်း ကိုယ့်အိမ်ကနေကိုယ် တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွေကိုကြည့်ပြီး ကြည်ညိုသဒ္ဒါပွား ကုသိုလ်ယူနိုင်ခဲ့ကြမယ်ဆိုတာလည်း မလွဲဧကန်ပါပဲ.။ လာမည့် မေလ ၃ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာလည်း မန္တလေးမြို့မှာ ဆွမ်းလောင်းလှူပွဲကြီးကို ခမ်းခမ်းနားနားနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပကြဦးမှာဆိုတော့ အင်မတန်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်ဆုံတဲ့ နေ့တွေလို့ခေါ်ဆိုရမှာပါ ။ အခုလို အခမ်းအနားမျိုးတွေ များများလုပ်ဆောင်နိုင်ကြပါစေ၊ မြို့ကြီးတွေအပြင် ကျေးရွာတွေမှာလည်း ဆွမ်းလောင်းလှူပွဲလေးတွေ များများကျင်းပနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ လင်းပါစေ.။





