တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာကို မေလ ၁ ရက်နေ့က ဘေဂျင်းမြိုတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံ တကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအကြား ခြားနားမှုတွေကိုပေါင်းကူးပေးကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်ကနေ နိုင်ငံရေးဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရေး ထောက်ခံအားပေးသင့်တယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်.။


