ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်အပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယား ဖနွမ်းပင်မြို့သို ရောက်ရှိနေပြီဖြစ်ပါသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံး အုပ်စု(က)တွင် ပါဝင်နေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား အသင်းများဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး မေလ ၃ ရက်နေ့တွင် ဖိလစ်ပိုင်၊ မေလ ၆ ရက်နေ့တွင် ဗီယက်နမ်၊ မေလ ၉ ရက်နေ့တွင် မလေးရှား နိုင်ငံတို့မှ အမျိုးသမီးဘောလုံးအသင်းများဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်.။


