ခေတ်အဆက်ဆက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သူများနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုအသက် ၆၀ ပြည့်မြောက်သည့် အချိန်မှစ၍ (နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကဲ့သို) သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပြီး အာရှအားကစားပြိုင်ပွဲများတွင် ရွှေရပါက လစဉ်ချီးမြှင့်ငွေကျပ် ၂၀၀,၀၀၀၊ ငွေရပါက လစဉ်ချီးမြှင့် ငွေကျပ် ၁၅၀,၀၀၀၊ ကြေးရယူပေးနိုင်ပါက လစဉ်ချီးမြှင့်ငွေကျပ် ၁၀၀,၀၀၀ ချီးမြှင့်ပေးအပ်လျက်ရှိပါတယ်.။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၀ ခု အထက် ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် ၁၅၀,၀၀၀၊ ရွှေတံဆိပ်ငါးခုမှ ကိုးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် ၁၀၀,၀၀၀၊ ရွှေတံဆိပ်တစ်ခုမှ လေးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ် ချီးမြှင့်ငွေကျပ် ၇၀,၀၀၀၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေကျပ် ၅၀,၀၀၀၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့် ငွေကျပ်၃၀၀၀၀အားပေးအပ် ချီးမြှင့်လျက်ရှိကြောင်းသိရပါတယ်.။

