ပင်းတယမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် ဧပြီလ ၂၂ရက်နေ့ ညနေ ၅ နာရီခွဲတွင် ကျားကုန်းကျေးရွာ၊ စိန်သောက်ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသော ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ ထီးတော်၊ အမြင့် ၅ ပေ ၂ လက်မ၊ အကျယ် ၆ ပေ၊ ကာလ တန်ဖိုးငွေကျပ် သိန်း(၁၀၀)ခန့် နှင့် ကူးကော်ကျေးရွာအုပ်စု၊ အင်းခေါင်းကျေးရွာ၊ ဦးကျော်မြင့်၏ နေအိမ်(၂)ထပ် အိမ်ခေါင်မိုးသွပ် အလျား ၈ ပေ၊ အနံ ၂ ပေ၊ သွပ် (၄၅)ချပ်၊ ကာလတန်ဖိုး ငွေကျပ် (၅၄၀၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီးပြည်သူများထိခိုက်မှု မရှိကြောင်း သိရှိရပါသည်။
အလားတူ ဧပြီလ ၂၂ ရက်တွင်လည်း ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်းနှင့် နေအိမ်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရွာသူ ရွာသားများမှ ဝိုင်းဝန်း ပြင်ဆင်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။






