လယ်ဝေးမြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် လူ ၆ ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့၌ ဧပြီ ၂၁ ရက် ညနေ ၆ နာရီကျော် အချိန်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၆ ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါလေဆင်နှာမောင်းကြောင့် တံတားဦးကျေးရွာတွင်အိမ်ခြေ(၇၇)လုံးခန့်၊ အောင်မြင်ကုန်းကျေးရွာတွင်၊အိမ်ခြေ(၁၅၅)လုံးခန့်ပျက်စီးသွားကာ တံတားဦးကျေးရွာတွင် ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး အနက် စိုးရိမ်ဒဏ်ရာရသူ (၁၆)ဦး နှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ၊ အောင်မြင်ကုန်းကျေးရွာတွင် ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံးသူ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး ရှိခဲ့သည်ဟုဆိုသည်။

ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရှိရပါတယ်။

mhtnews