မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှု ကို မလိုလားသည့် တာဝန်သိဒေသခံများ ကျေးရွာသူ၊ ကျေးရွာသားများ၏ သတင်းပေးပို့မှု အရ ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ၌ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၀ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ခေတ္တထိန်း သိမ်းထားရှိခဲ့ပြီး မကြီးကန်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်း အတွင်းမှ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံး သီး ၃ လုံး၊ ကျည်မျိုးစုံ ၇၈၀ တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများ အပါအဝင် ယူနီဖောင်းမျိုးစုံ ၅၃ စုံ၊ ကျည်ကာအင်္ကျီ ၂ ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခို ကျင်း ၁ ခု၊ မော်တော်ယာဉ်မျိုးစုံ ၃ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၅ စီး တို့ကို သိမ်း ဆည်းရမိခဲ့တယ်လို့သိရပါတယ်။
Related Posts
ဧရာဝတီတံတား စစ်ဆေးရေးဂိတ်တွင် PDF ၁ ယောက်ဖမ်းမိ
- ပုည
- June 11, 2023
စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်အား စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမြိုမှ မောင်းနှင်လာသော ခရီးသည် […]
မီးဇာရွာအား တပ်မတော်မှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေ
- ရှင်ယွန်း
- November 22, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာအနီးသို့ နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းတွင် တပ်မတော်မှလေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကွန်ရက် […]
နွားထိုးကြီးမြို့အတွင်းရှိ ရုံးများအား PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်
- ရှင်ယွန်း
- March 14, 2023
မတ်လ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များအသုံးပြု၍ Drop […]