ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း၊ ခဲယမ်းထောက်ပံ့/ရောင်းချနေတဲ့ အမေရိကန်ကိုတုံ့ပြန်တဲ့အနေနဲ့ တရုတ် အစိုးရက အမေရိကန်ရဲ့လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ လော့ဟိမာတင်နဲ့ ရေသီယွန်တို့အပေါ် ကုန်သွယ်ခွင့် တားမြစ်ချက်အသစ်ထပ်မံချမှတ်လိုက်တဲ့အပြင် အဆိုပါကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ၂ ခုကိုလည်း “တရုတ်ထုတ်ကုန်တွေ ပြည်ပနိုင်ငံတွေရဲ့ စစ်ရေးကဏ္ဍမှားအသုံးမပြုနိုင်အောင် ကာကွယ်တယ်ဆိုတဲ့” အကြောင်းပြချက်နဲ့ကုန်သွယ်ခွင့်တားမြစ်မှုတွေပြုလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကသတင်းထုတ်ပြန်ထားပါတယ်။
Source: AP

