














ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင်တော် အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ သီရီမင်္ဂလာ မန်ဆူ ရှမ်း ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မိသားစု ဝင်များ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပြီး နှစ်သစ်ကြိုဆိုသောအားဖြင့် အတာရေ သင်္ကြန်များပက်ဖြန်းကြပါတယ်။