ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးမှာတဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ NUG ရုံးဖွင့်တဲ့နေ့မှာ တပ်မတော်ကနေ တိုက်ခိုက်ချေမှုန်းခဲ့တာနဲ့ပတ်သက်ပြီး အင်တာနက်စာမျက်နှာမှာ အရပ်သားတွေတိုက်ခိုက်ခံရတာလို့ တစ်ဖက်သတ် စွပ်စွဲပြောဆိုနေတာနဲ့ပတ်သက်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့သေဆုံးသွားတယ်ဆိုရင် အရပ်သားသေဆုံးကြောင်းနဲ့ သူတို့ အောင်ပွဲရရင်တော့ PDF ပါဆိုပြီးဓာတ်ပုံတွေ၊ မှတ်တမ်း video တွေနဲ့ပြောဆိုမှုများရှိနေတာ khit thit၊ DvB၊ Mizzima တွေကနေတင်တဲ့ သတင်းကိုကြည့်မိရင် နားလည်နိုင်မှာပဲဖြစ်ပါတယ်။ တကယ့်မြေပြင်တွင်လည်း ၎င်းတို့နေနဲ့ ရုံးနေရာအနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားရုံ သာမက ရွာကလူတွေကိုပါ လူသားဒိုင်းအဖြစ်အသုံးချနေမှုများကို pdf သတင်းတွေဘက်က video ဖိုင်တင်တာကိုကြည့်ခြင်းအားဖြင့် “မိုင်းတွေထောင်ထားတယ်၊ ဒဏ်ရာရ လူနာတွေကို အရဲစွန့်ပြီး မကယ်ရဲဘူး” ဆိုပြီး ပြောထားတာကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့အသုံးပြုနေတဲ့ ယမ်းများ၊ မိုင်းများကို သိုလှောင်ထားတဲ့ ခဲယမ်းသိုလှောင်ထားသည့်နေရာလည်းရှိသလို ၎င်းနေရာဟာ ရွာမဟုတ်ဘဲ PDF အကြမ်းဖက်သမားများနေထိုင်နေသည့်အတွက် စစ်ရေးပစ်မှတ်သာဖြစ်ပြီး အဆိုပါနေရာတည့်တည့်ကို တိတိကျကျထိမှန်သည့်အတွက် အကြမ်းဖက်သမား သန့်ဇင်အပါအဝင် pdf နောက်လိုက်များပါ ပေါက်ကွဲပြီးသေဆုံးသွားကြောင်းကိုလည်း သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အကြမ်းဖက်သမားများရှိနေသည့်နေရာကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး အကြမ်းဖက်သမားများနှင့်ရှိနေသူများသည် အကြမ်းဖက်အားပေး၊ အကြမ်းဖက်ထောက်ခံသည့် အကြမ်းဖက်သမားများသာဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်။
Related Posts
တိုင်းနယ်/ပြည်နယ်အလိုက်က အကြမ်းဖက် PDF များ၏ သေဆုံးစာရင်း
- admin
- April 17, 2023
တိုင်းဒေသကြီး/ပြည်နယ်အလိုက် PDF အကြမ်းဖက်သမားများအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF အကြမ်းဖက်သမားများထံမှ တစ်ပတ်အတွင်းရရှိခဲ့သည့် အလောင်း/လက်နက်စာရင်းများပဲဖြစ်ပါတယ်… တစ်ပတ်နှင့် တစ်ပတ် အကြမ်းဖက်သမားများ၏ သေဆုံးမှုစာရင်းနှင့် လက်နက်ရရှိမှုများဟာ ပိုမိုများပြားလာတာဖြစ်သလို…ဒီလိုရရှိတာကလည်း ပြည်သူတွေအနေနဲ့ […]
AA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံပျက်စီး
- admin
- December 26, 2023
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးကျရောက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မြို့နယ်ပြည်သူ့ဆေးရုံနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးလှူရှင်အသင်းရုံးတို့ […]
ဧရာဝတီတိုင်း တည်းခိုခန်းတစ်ခုမှာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
- admin
- August 19, 2023
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ သီရိရတနာတည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်၊ […]