မလေးရှားနိုင်ငံ၊ Kuala Kedah ရေကြောင်းဇုန်မှာ ဧပြီ ၈ ရက်နေ့က တရားမဝင် ဝင်ရောက်လာသူတွေလို့ သံသယရှိတဲ့ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၆ ဦးကို Maritime Malaysia ပိုင် ကင်းလှည့်သင်္ဘောကတွေ့ရှိခဲ့ပြီး စစ်ဆေးဖမ်းဆီးခဲ့ရာ ၎င်းတို့ဟာ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးဆီမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လျှောက်လွှာတစ်စောင်သာ ပါရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦးမှာ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ မပါရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ၎င်းတို့ကို ကွာလာကေဒါ ရေကြောင်းဇုန်ရုံးကို ပို့ဆောင်ထားပြီး မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 (ဂ) အရ ပြစ်မှုကျူးလွန်တာဖြစ်လို့ RM 10,000 ထက်မပိုသော ဒဏ်ငွေ ဒါမှမဟုတ် ငါးနှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သလို ခြောက်ကြိမ်ထက်မပိုတဲ့ ကြိမ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။



