မိုင်းဖုန်းဆရာတော်ကြီးသည် သင်္ကြန်ကာလ ဓမ္မဒူတခရီးစဥ်အဖြစ် ဧပြီ ၈ ရက်(ယနေ့)တွင် ရန်ကုန်မြို့မှတဆင့် မွန်ပြည်နယ်၊မော်လမြိုင်မြို့သို့ ကြွရောက်တော်မူခဲ့ကြောင်း သိရှိရပါတယ်။
မိုင်းဖုန်းဆရာတော်ကြီးသည် မော်လမြိုင်မြို့သို့ရောက်ရှိတော်မူစဥ် တောင်ပေါက်ကျောင်းရှိ နှီးဘုရားကြီးအား အနေကဇာတင်တော်မူခဲ့ပြီး လာရောက်ဖူးမြှော်သူများအား အဖူးမျှော်ခံကာ တရားဒေသနာတော်များဟောကြားတော်မူလျက်ရှိကြောင်း သိရှိရပါတယ်။

