ဧပြီ ၆ရက်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့က ကန်ရေကျေးရွာရှိသာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း ၂၀၅ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးကြရာ မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။