၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ဝူရှူးအားကစားနည်းမှ (ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့၏ ပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
ဝူရှူးအားကစားနည်းပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲ ကျင်းပ
