ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့နယ်အတွင်းရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတစ်ခုရှိ TNLA တပ်ဖွဲ့တွေက ဖေဖော်ဝရီလ ၂၃ရက်၊ မနက်အစောပိုင်းအချိန်က ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းတွေသိမ်းယူပြီး တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KIA တပ်မဟာ ၄၊ လက်အောက်ခံ တပ်ရင်း (၃၄)အောက်မှာရှိတဲ့ KIAစစ်တပ်ရဲ့ လောက်ကျယ်ဂိတ်၊ ရော်ကျိန်းဂိတ်၊ မန်ဖန်ဂိတ်နဲ့ မန်မောက်ရွာက မန်ပွန်းတိုက်နယ်ရုံးတို့ကို…