


ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ ရွှေဘို-ကျောက်မြောင်းကားလမ်းအနီး စစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်များ စစ်ဆေးဆောင်ရွက်နေစဉ် မင်းကျောင်းကျေးရွာဘက်မှ ရွှေဘိုမြို့အတွင်းဘက်သို လမ်းလျှောက်လာသည့် နွယ်နွယ်မိုး(ခ) နန်းနွယ်အား စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လှုံဆော်ရေးသားဖြန့်ဝေထားကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။