



မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အကွက် ၄၀နေ ဦးအောင်ခင်စိုး၊၅၃နှစ်၊(ဘ)ဦးသောင်းညွန့်၊(မဟာမြတ်မုနိဘုရားကြီး၊ဂေါပကအဖွဲ့ဝင်)၏ နေအိမ်အပေါ်ထပ်ရှိ အိပ်ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး အိပ်ယာသို့ကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် နံကပ်၊ပျဥ်ထောင် ၂ထပ်အိမ် ၄လုံး၊မြေစိုက်၊ထရံကာ၊သွပ်မိုး၊၁ထပ်၊၁လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ၉၇၀၀၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကဲ ကျွန်မတို့ PCT ပရိတ်သတ်တွေလည်း ဖုန်းအားသွင်းတဲ့အခါမှာ သတိထား ဆင်ခြင်ဖို့လိုပါတယ်